မြင်းတစ်ကောင်က သင်ပေးတဲ့ စိတ်ကျန်းမာရေး

လွန်ခဲ့တဲ့ နှစ်ကုန်လောက်က ကော်ဖီဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ Bojack Horseman ဆိုတဲ့ ကားလေးကို ကြည့်ဖို့ တိုက်တွန်းခဲ့တယ်။ စစကတော့ ပုံမှန် တစ်ခန်းရပ် ဟာသ ကာတွန်းကားလောက်ပဲထင်ထားတာ၊ ကြည့်ရင်းနဲ့မတော်တော်လေးကောင်းမှန်းသိတယ်။ Programming တွေပဲရေးရတာပျင်းလာလို့ မတူအောင် review လေးရေးကြည့်မလားလို့။

မကြည့်ဘူးသေးတဲ့သူတွေအတွက် ဇတ်လမ်းအကျဉ်းကတော့ Bojack Horseman ဆိုတဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်း ဇတ်ကောက်ကို အခြေခံထားတယ်။ သူ့တစ်ချိန်က ရိုက်ခဲ့တဲ့ Horsin Around ဆိုတဲ့ sitcom လေးက လူကြိုက်တစ်အားကိုများခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ သူက အရေးမပါအရာမရောက်တော့တဲ့ ဇတ်ပျက်နေတဲ့မင်းသားဖြစ်နေပြီပေါ့။ ဒါကို သူက နာမည်ကြီးအောင်ပြန်ကြိုးစားတာနဲ့ စထားတယ်။ ဒီမှာ သူနဲ့သူ့ဘော်ဒါတွေ အလွဲလွဲအချော်ချော်ဖြစ်နဲ့ ဟာသဇတ်လမ်းလေးလုပ်ထားတယ်။

ဟာသကားဆိုပေမဲ့လည်း တကယ့်ဇတ်အိမ်က Bojack ရဲ့ “စိတ်ရောဂါ ဝေဒနာ” ကိုဇတ်တည်ထားတယ်။ အခုချိန်မှာ ဘာနာမည်မှမရှိတော့ဘဲ တစ်ယောက်တည်း ကြိတ်ခံစားနေရတဲ့အဖြစ်တွေ၊ သူ့ဘဝမှာလုပ်ခဲ့တဲ့ အမှားတွေကြောင့် အခုချိန်ထိ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်သေးတာတွေ အစရှိသဖြင့် လူတိုင်းမှာ အနည်းနဲ့အများရှိတတ်ကြတဲ့ စိတ်တွေကို အခြေခံထားတော့ ကြည့်တဲ့သူအနေနဲ့ တကယ် ဇတ်ကောင်နေရာရောက်သွားသလို ခံစားရတယ်။ Bojack မှာ သူ့စိတ်ရောဂါ ကိုပြောတဲ့အခါမှာ အဆိုးတွေကြီးပဲပြောသွားတာမဟုတ်ဘူး။ သူ့ဘဝမှာလည်း အဆိုး၊ အကောင်းတွေလည်း ဒွန်တွဲနေတယ်။ တစ်ခါတစ်လေမှာ အကောင်းတွေကိုခံစားတတ်သလို၊ အကောင်းတွေဖြစ်နေပေမဲ့ လက်မခံနိုင်ခဲ့သလို၊​ အဆိုးတွေကိုပဲဇတ်တိုက်ဖြစ်နေသလို၊ ဘဝအခြေအနေအရပ်ရပ်ကို ကာမိထားတယ်။ ကျွန်တော်ကြည့်တုန်းကဆို Bojack ပျော်နေတဲ့အခန်းတွေဆို တကယ်လိုက်ပျော်ပြီးတော့ စိတ်သောကရောက်တဲ့အချိန်ဆိုလည်း ကိုယ်တိုင် ပူဆွေးရတဲ့အထိပါ ဖြစ်တယ်။

Bojack Horseman ရဲ့နောက်တစ်ခုအားသာချက်က Animation ဖြစ်နေတာပါပဲ။ ဒီတော့ဇတ်ကောင်တွေကို ဖော်ပြတဲ့အခါမှာ ပိုပြီး ဖန်တီးခွင့်ရှိတယ်။ လူတွေနဲ့ရိုက်တဲ့အခါ အနည်းဆုံးတော့ ပိုက်ဆံပိုကုန်မယ်၊ ဇတ်ကောင်နဲ့ကိုက်မဲ့သူကို မရမကရှာရတယ်, အစစနဲ့ဆိုတော့ Animation တစ်ခုက ပိုပြီး ဇတ်လမ်းတစ်ခုကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိတယ်။ ဘယ်လိုအခန်းတွေမှာသိသာလဲဆို စိတ်ညစ်လို့ ဆေးချတဲ့အခန်းတွေဆိုရင် abstract art တွေဖြစ်သွားပြီး ကရောင်ခြောက်ခြားဖြစ်နေတာကိုပါသရုပ်ပေါ်အောင် ပြနိုင်တယ်။

နောက်တစ်ခုသဘောကျတာက Bojack က ဘယ်လောက်ပဲ​ ဒုက္ခရောက်ရောက် “blaming mantality” လို့ခေါ်တဲ့ သူများကို အပြစ်လွှဲချတဲ့စိတ်မျိူး ကိုအားမပေးထားဘူး။​ သူဟာနဲ့သူမရမကဖြတ်သန်းတယ်။​​ ဒါကိုကျွန်တော်ကတော့ ကောင်းတဲ့သင်ခန်းစာ လို့ထင်တယ်။ 13 reasons why လိုကားမျိုးကြည့်မယ်ဆိုရင် ဘာမှမဟုတ်ပဲ မုဒိန်းသမားအိမ်ကိုသွား၊ အဝတ်တွေချွတ်ပြီး ရေထဲဆင်း။​ ကိုယ့် ဆုံးဖြတ်ချက်တွေတာဝန်မယူပဲ သူများကို အလုံးစုံ အပြစ်ပုံချတာကို ကောင်းသလိုမျိုး ပြောနေတဲ့ကားမျိုးတွေက ကြည့်တဲ့သူတွအတွက် တကယ့်အဆိပ်အတောက် အတွေးပဲ။ (Season 2 မှာတော့ သူကိုယ်တိုင်လည်း အပြစ်မကင်းတာကိုပြသွားတာလေးတော့ မဆိုးဘူးပြောရမယ်)​Bojack မှာအကြိုက်ဆုံးအခန်းထဲမှာ အောက်ကအခန်းလေးပါတယ်။ Bojack နဲ့ သူ့ဘော်ဒါ Todd ရန်တွေဖြစ်ကြရင်း နောက်ဆုံး​ Bojack က သူ့ကိုအပြစ်တင်တော့ ဟိုကောင်က ပြောတဲ့စာသားလေးက တကယ်မိုက်တယ်။

BoJack, stop. You are all the things that are wrong with you! It’s not the alcohol, or the drugs, or any of the shitty things that happened in your career, or when you were a kid! It’s you! Alright? It’s you. Fuck, man. What else is there to say?

ဇတ်ကားတွေမှာ​ ဇတ်ပို့ဇတ်ရံတွေကလည်း အရမ်းအရေးပါတယ်။ ဇတ်ပို့ဆိုတဲ့အတိုင်း အဓိကဇတ်ကောင်ရဲ့ စရိုက်တွေ၊တွေးခေါ်မှု ပြောင်းလဲနိုင်တဲ့အခြေအနေရောက်အောင် အရောက်ပို့ပေး​ရတယ်။ Bojack မှာ character development လုပ်ထားတာတော်တော်ကောင်းတယ်။ Princess Carolyn (Bojack ရဲ့ရည်းစား ကြောင်မလေး) ဆိုရင် ဇတ်ကောင်က အလုပ်မှအလုပ်၊ အမြဲအလုပ်ကို ဉီးစားပေးတဲ့စရိုက်၊ တစ်ခါတစ်လေအလုပ်ကြောင့် သူ့နဲ့ပတ်သက်တဲ့သူတွေကို အချိန်မပေးနိုင်ဖြစ်။ Todd ဆိုရင် ပုံမှန်ဆို ဘာကိုမှ ဂရုမစိုက် ဘဝကိုကျေနပ်နေတဲ့ပုံစံ၊​​​​ ဒါပေမဲ့လည်း သူ့မှာလည်း သူ့ခံစားချက်နဲ့သူ။ ဒီလိုမျိုးဇတ်ပို့ဇတ်ရံတွေကအစ လိုအပ်ချက်တွေပြည့်နေတဲ့စရိုက် တွေဖြစ်နေတဲ့အခါကျ ဇတ်ပို့က ဇတ်လိုက်စရိုက်ကို ပြောင်းလဲစေသလို ဇတ်လိုက်ကြောင့်လည်း ဇတ်ပို့စရိုက်တွေက ပြောင်းလဲသွားတာတွေက character development ကို တကယ်ပြောင်မြောက်စေတယ်။

Bojack & Carolyn

Scripting ကိုကြည့်မယ်ဆိုရင်လည်း လန်ပြန်နေတယ်။ “Fish Out of Water” ဆိုရင် တစ်ခန်းလုံး ဘာစကားတစ်ခွန်းမှမဟပဲ​ ရင်ထဲလှုပ်ခတ်သွားအောင်လုပ်နိုင်တယ်၊ ပြောင်းပြန်ဆိုရင် “Free Churro” မှာ တစ်ခန်းလုံး မရပ်မနား စကားဒေါက်ရှောက်ပြောသွားတယ်။ နောက် “The Showstopper” ဆိုရင် တစ်ခန်းလုံး ဆေးကွဲရင်း စိတ်တွေရောက်ချင်ရာရောက်တွေကို ပုံပေါ်အောင်ပြနိုင်တယ်။​ ဒီကြားထဲ Animal pun လေးတွေညှပ်ညှပ်ထားတာ တကယ်ကို ခွီရတယ်။ နောက်တစ်ခုက controversial topic တွေကိုထည့်ဖို့ လုံးဝ ဝန်မလေးဘူး။​ Hollywood က ရွက်ပုန်းသီးတွေက နာမည်ကြီးဖို့ ဂုဏ်သိက္ခ ဘယ်လောက်ထိထိ လုပ်မယ်ဆိုတာတွေ၊ Feminism ကိစ္စတွေ၊ နိုင်ငံရေးကို လှောင်တာတွေ အကုန်ပါတယ်။

New year မှာ binge watch မယ်ဆိုရင်တော့ ကျွန်တော်ကတော့ Bojack horseman ကိုလုံးဝ recommend တယ်ဗျို့။ လုံးဝ 10/10 ပဲ။​

Read more

Platform Engineering: Developers for Developers

Platform Engineering: Developers for Developers

Software Development Team တွေကို ချဲ့ထွင်တဲ့အခါမှာ အတားအဆီးမရှိအောင် Process တွေ၊​ စံနှုန်းတွေ၊ Automation အစရှိတွေကို တာဝန်ယူတဲ့ အဖွဲ့တစ်ဖွဲ့ သီးသန့်ထားလေ့ရှိတယ်။ ဒီ Team ကို Platform Engineering လိုခေါ်တွင်တယ်။

lock-1 By Aung Kyaw Paing
Spikes: Making Unknowns Known

Spikes: Making Unknowns Known

ဒီထက်ပိုပြဿနာရှိတာက သေချာမသိပဲလုပ်မယ်ဆိုရင် တစ်ဝက်လောက်ရောက်မှ ဆက်လုပ်ဖို့ အဆင်မပြေတာသော်လည်းကောင်း၊ သွားချင်တဲ့လမ်းကြောင်း မမှန်တာသော်လည်းကောင်းဆိုရင် လုပ်ထားသမျှ သဲထဲရေသွန်ဖြစ်မယ်။ ဒီတော့မသိသေးတဲ့အကြောင်းအရာ တစ်ခုကို နည်းနည်းပါးပါးလောက် နားလည်ဖို့လိုအပ်လာတဲ့အခါမှာ...

By Aung Kyaw Paing
Tips & Tricks for Distributed Remote Collaboration

Tips & Tricks for Distributed Remote Collaboration

အပေါ်ယံလောက်ကြည့်ရင်တော့ ဒါဟာ Co-located team တွေလောက် အလုပ်မတွင်ဘူးထင်ရပေမဲ့ တကယ်ထိရောက်အောင်အလုပ်လုပ်တတ်ရင် Distributed Team ကလည်း သူ့ဟာနဲ့သူ သာတဲ့အချက်တွေရှိတယ်။ ဒီတော့...

By Aung Kyaw Paing
ссс